ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

         တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • ဩဂုတ်လ ၂ ရက်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်း၊ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ပခုက္ကူမြို့နယ် တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား တာဝန်ရှိသူများထံအပ်နှံခဲ့။
  • မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင် သိန်း ၅၀ ကျပ်၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား သိန်း ၂၀ ကျပ်၊ လက်ပစ် ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများ အား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီးနောက် အလင်းဝင်ရောက်လာသူ များအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့။
  • ဩဂုတ်လ ၅ ရက်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၄ ဦးတို့ သည် ၎င်းတို့နှင့် အတူပါလာသည့် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်၊ RPG ၁ လက်၊ ဒုံးသီး ၁ လုံးနှင့် ပို့ကျည် ၁ တောင့်တို့အား တာဝန်ရှိသူများထံအပ်နှံခဲ့။
  • ၉ မမ ပစ္စတိုဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ RPG ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၇၅ ကျပ်နှင့် အလင်းဝင်ရောက်လာသူ ၁၄ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ စုစုပေါင်းငွေကျပ် ၁၁၀ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပေးအပ်ခဲ့။
  • ဩဂုတ်လ ၆ ရက်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ သို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး ဩဂုတ်လ ၆ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၆၆ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၀၅ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၇-၈-၂၀၂၃)

 

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသူ PDF အဖွဲ့ဝင် အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဝန်ခံ ကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဆုကြေးငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဩဂုတ်လ ၆ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင်အမျိုးသား ၄၆၆ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၀၅ ဦးရှိပြီဖြစ်။

Add new comment