မြန်မာ-တရုတ် ချစ်ကြည်ရေးအားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

       ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေးအားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားကို ဩ ဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-

  • ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံအနေဖြင့်   ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ E-Sports (၇) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း။
  • ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်ရှည်ပူးတွဲလေ့ ကျင့်ခွင့်ရရှိရေး နည်းပြများစေလွှတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့လာရောက် ပူးတွဲလေ့ ကျင့်ပေးခြင်း၊ အားကစားနည်းအလိုက် လိုအပ်လျက်ရှိသော ခေတ်မီအားကစား ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆက်လက်ကူညီဆောင်ရွက်ပေးမည်ဟု ယုံ ကြည်ကြောင်း ပြောကြားခဲ့။

တရုတ်သံအမတ်ကြီး H.E. Mr Chen Hai  က-

  • (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးတွင်  အာရှတိုက်ရှိ နိုင်ငံပေါင်းစုံအားက စားသမား ၁၉,၀၀၀ ကျော်က ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ တိုးတက်ရေးဆိုသည့် အာရှအားကစားသံစဉ်ကို အတူဖော်ဆောင်သွားကြမည်ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကာလအလွန် အားကစားကူးလူးဖလှယ်မှုများကို အတူတကွ ဖော်ဆောင် ၍ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးသွားမည်ဖြစ်ကြောင်း ပြော ကြားပြီး မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်များသို့ အမေရိကန်ဒေါ်လာ ၂,၈၀၅ ဒေါ်လာစီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တရုတ်သံအမတ်ကြီး H.E. Mr Chen Hai   နှင့် သံရုံးမိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ်၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၃)

 

  • ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံအနေဖြင့်   ဘောလုံး၊ ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ E-Sports () နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်။
  • တရုတ်သံအမတ်ကြီး H.E. Mr Chen Hai က မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော် အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်များသို့ အမေရိကန်ဒေါ်လာ ,၈၀၅ ဒေါ်လာစီ ပေးအပ် လှူဒါန်းခဲ့။

Add new comment