မြဝတီမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

       ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ဩဂုတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ် အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါနေရာများသို့ အရှေ့တောင်တိုင်းစစ်ဌာချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည့် မြဝတီမြို့၊ ကိုးနဝင်းဘုန်းတော် ကြီးကျောင်း၊ ကြခတ်တောဘုန်းတော်ကြီးကျောင်း၊ စနေဆွမ်းလောင်းဓမ္မာရုံ၊ ဓိဌာန် အောင်ဓမ္မာရုံနှင့် လှိုင်းဘွဲ့မြို့၊ အောင်ဆန်းခန်းမ၊ ကမော့ကချူး Cyclone Shelter နှင့် မြို့မဂျာမေဗလီတို့သို့ ရွေ့ပြောင်းပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ပေးနေစဉ် သင်္ကန်းညီနောင်တပ်နယ်နှင့် လှိုင်းဘွဲ့တပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး ထမင်းဘူးများနှင့် ထောက်ပံ့ငွေများပေး အပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၃)

 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့။
  • နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား မြဝတီမြို့နှင့် လှိုင်းဘွဲ့ မြို့တို့တွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့။

Add new comment