နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာတွင်-

  • ပုဒ်မခွဲ(စ)၌ပါရှိသော “ရက်ပေါင်း ၉၀” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲ ကျင်းပမည့်‌နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀,၀၀၀” ဆိုသည့် စကားရပ်ကို “ပါတီဝင် ဦးရေအနည်းဆုံး ၅၀,၀၀၀” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်ဖြစ်ကြောင်း။
  • ပုဒ်မခွဲ(ဇ)၌ ပါရှိသော “ရက်ပေါင်း ၁၈၀” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့်‌ နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်” ဆိုသည့်စကားရပ်ကို “မြို့နယ် အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်ဖြစ်ကြောင်း။
  • ငွေစာရင်းဖွင့်လှစ်ထားသည့် ပါတီရန်ပုံငွေကို ကော်မရှင်က ထုတ်ပြန်သည့်အမိန့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရမည်ဖြစ်ကြောင်း။
  • ပါတီတစ်ခုသည် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့်ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ၎င်းတို့တည်ထောင်လိုသောပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဇန်နဝါရီလ ၃၀ ရက်အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ဇန်နဝါရီလ ၂၄ ရက်တွင် မွန်တိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို နောက်ဆုံးခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် တည်ထောင်ခွင့်ပြုပြီး  နိုင်ငံရေးပါတီ ၁၁ ပါတီဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံရေးပါတီ ၁၁ ပါတီအနက် ၉ ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁-၂၀၂၃)

 

  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ပြဋ္ဌာန်းခဲ့။
  • ဇန်နဝါရီလ ၃၀ ရက်အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၁ ပါတီရှိပြီဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံရေးပါတီ ၁၁ ပါတီအနက် ၉ ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်။

 

Add new comment