တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာနှင့် ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာတို့ကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက အဆိုပါကျေးရွာများရှိ နေအိမ်များအတွင်းမှ ပစ္စည်းများ ဝင်ရောက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Ayeyarwaddy Time မှ တင်ထားသော ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတင်သည့် ကုန်တင်ယာဉ်များကို စစ်ဆေး၍ ငွေတောင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါကိစ္စရပ်မျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁-၂၀၂၄)
- ထန်းပင်လှကျေးရွာနှင့် နတ်ရေတွင်းရွာတို့ကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက အဆိုပါကျေးရွာများရှိ နေအိမ်များအတွင်းမှ ပစ္စည်းများ ဝင်ရောက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်။
- ကန်ကြီးထောင့်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းတင်သည့် ကုန်တင်ယာဉ်များကို စစ်ဆေး၍ ငွေတောင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါကိစ္စရပ်မျိုး ဆောင်ရွက် ခဲ့ခြင်းမရှိကြောင်း သိရှိရ။
Add new comment