၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲကို ဩဂုတ်လ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိ သူများက မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ များအား သတ်မှတ်နေရာများ၌ ဖဲကြိုးဖြတ်၍ အသီးသီးဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စက်မှုထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက်များ ပြသထားရှိမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပါသည်။
ဈေးရောင်းပွဲတော်နှင့် ပြပွဲများကို ဩဂုတ်လ ၄ ရက်မှ ၆ ရက်အထိ ပြသရောင်း ချလျက်ရှိပြီး အဆိုပါပြပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ Digital economy coner နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ အရောင်းပြခန်းများ၊ မြန်မာ နိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ပြခန်းများ၊ အခြားအသင်းအဖွဲ့ များမှ ပြခန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြခန်းများ ခင်းကျင်းပြသထားပါသည်။
ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လက်လီရောင်းချသူများအသင်းက ဆန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံး ဆီကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဟင်းသီးဟင်းရွက် များကိုလည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
အဆိုပါ ပြပွဲများတွင် ဈေးလာရောက်ဝယ်ယူသူများအား Dancer အကများ၊ ရှိုးပွဲများ၊ ဒီဂျေများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ပတ်လမ်းကို မော်တော်ယာဉ် များဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် ရောင်းချသူ များနှင့် ဈေးလာရောက်ဝယ်ယူကြသူများ စားသောက်ရေးအတွက် တန်ဖိုးသင့်ထမင်း ဆိုင်များ ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၃)
|
Add new comment