မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းကို ဩဂုတ်လ ၂ ရက်မှ ၄ ရက် အထိ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
- လေ့ကျင့်ခန်း ဒုတိယနေ့ဖြစ်သည့် သြဂုတ်လ ၃ ရက်တွင် လေ့ကျင့်ခန်းအစီအစဉ် အလိုက် ဆောင်ရွက်မည့်လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ်အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာမှတပ်မတော်အရာရှိကြီးများက နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့။
- လေ့ကျင့်ခန်း တတိယနေ့ဖြစ်သည့် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် နယ်မြေခံ သင်တန်းကျောင်း၌ မြန်မာ့တပ်မတော်အထူးတာဝန်တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ် ပြခြင်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့။
- ဩဂုတ်လ ၄ ရက် နေ့လယ်ပိုင်းတွင် စားပွဲတင်လေ့ကျင့်ခန်းကို ဆက်လက်ဆောင် ရွက်ကာ အခမ်းအနားပိတ်သိမ်းပြီး ညပိုင်းတွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပါ သည်။
လေ့ကျင့်ခန်းကာလတွင် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များသည် လေ့လာရေးခရီးစဉ်အဖြစ် တပ်မတော် စစ်သမိုင်း ပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက် လေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြပါသည်။
ယခုပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ ကျင့်ခန်းသည် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇) ခုအနက် အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း နှင့် အဆိုပါ လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌနိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့် အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၃)
- သြဂုတ်လ ၃ ရက်တွင် လေ့ကျင့်ခန်းအစီအစဉ်အလိုက် ဆောင်ရွက်မည့် လေ့ကျင့် ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ်အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာမှတပ်မတော် အရာရှိကြီးများက နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့။
- ဩဂုတ်လ ၄ ရက်တွင် နယ်မြေခံသင်တန်းကျောင်း၌ မြန်မာ့တပ်မတော် အထူး တာဝန်တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ်ပြခြင်းသို့ သွားရောက်ကြည့်ရှုလေ့လာခြင်း၊ စားပွဲတင်လေ့ကျင့်ခန်းကို ဆက်လက်ဆောင်ရွက်ခြင်း၊ အခမ်းအနားပိတ်သိမ်းခြင်း နှင့် ညပိုင်းတွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့။
- အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသည် အာဆီယံ နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇) ခုအနက် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်။
- အဆိုပါ လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌနိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့် အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
Add new comment