တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားများကို ကျင်းပခဲ့ရာ-
- ဩဂုတ်လ ၂ ရက်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်း၊ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ပခုက္ကူမြို့နယ် တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား တာဝန်ရှိသူများထံအပ်နှံခဲ့။
- မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင် သိန်း ၅၀ ကျပ်၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား သိန်း ၂၀ ကျပ်၊ လက်ပစ် ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများ အား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီးနောက် အလင်းဝင်ရောက်လာသူ များအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့။
- ဩဂုတ်လ ၅ ရက်တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၄ ဦးတို့ သည် ၎င်းတို့နှင့် အတူပါလာသည့် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်၊ RPG ၁ လက်၊ ဒုံးသီး ၁ လုံးနှင့် ပို့ကျည် ၁ တောင့်တို့အား တာဝန်ရှိသူများထံအပ်နှံခဲ့။
- ၉ မမ ပစ္စတိုဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ RPG ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၇၅ ကျပ်နှင့် အလင်းဝင်ရောက်လာသူ ၁၄ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ စုစုပေါင်းငွေကျပ် ၁၁၀ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပေးအပ်ခဲ့။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး ဩဂုတ်လ ၅ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၆၄ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၀၃ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၃)
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသူ PDF အဖွဲ့ဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဝန်ခံ ကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဆုကြေးငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
- ဩဂုတ်လ ၅ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင်အမျိုးသား ၄၆၄ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၀၃ ဦးရှိပြီဖြစ်။
Add new comment