တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Western News မှ တင်ထားသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ပုလဲ‌တောင်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများက အဆိုပါကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများက ကျေးရွာအတွင်းသို့ အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ ပြုလုပ်သောကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာနှင့် စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းများသည် သတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက မြို့၊ ရွာများရှိ လူနေအိမ်များအား အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများအပါအဝင်‌ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးလုပ်ဆောင်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက လူနေအိမ်အဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ လက်လုပ်စိန်ပြောင်းများနှင့် လက်လုပ်ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့ခြင်းများကြောင့် လူနေအိမ်အဆောက်အဦများနှင့် လွိုင်ကော်မြို့မဈေးကြီး မီးလောင်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရ။
  • ‌တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော ဝေါမြို့နယ်ရှိ ဒေသခံပြည်သူ ၈၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တံတား ၁ စင်းကိုပါ မီးရှို့ ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများသည် အဆိုပါမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ ဒေသခံပြည်သူများအား လူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်ရာ အကြမ်းဖက်သမားများက ကျေးရွာချင်းဆက်တံတားတစ်ခုကို မီးရှို့ထွက်ပြေးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော တပ်မတော်ဘက်မှ မွန်ပြည်နယ်၊ ချောင်းနှစ်ခွရဲစခန်းအနီးရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ချောင်းနှစ်ခွရဲစခန်းအား PDF အကြမ်းဖက်သမားများနှင့် KNLA လက်နက်ကိုင်သောင်းကျန်းသူများက စခန်းအနီးရှိ နေအိမ်များအတွင်းမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များအတွင်းမှ ပစ္စည်းများယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများတူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ဖြန့်ဝေရေးသားထားခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Narinjara တို့မှ တင်ထားသော ရမ်းဗြဲမြို့လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက် ခဲ့ဟူသည့်သတင်းနှင့် မြောက်ဦးမြို့ကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့သေဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်ဘက်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် AA သောင်းကျန်းသူများက မြောက်ဦးမြို့ကို Drone ဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော တပ်မတော်ဘက်မှ မတ္တရာမြို့ နယ်အတွင်းရှိ ကျေးရွာ ၂ ရွာနှင့် ရေစကြိုမြို့၊ ကြူကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကြူကျေးရွာအား မီးရှို့၍ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁-၂၀၂၄)

 

  • ဘူးသီးတောင်မြို့နယ်ရှိ ပုလဲတောင်ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ဦးသေဆုံးခဲ့ပြီး ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်။
  • ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လုံးပျက်စီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်။
  • ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေး ရွာနှင့် စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ ဖျက်ဆီးခဲ့ဟူသည့်သတင်းများသည် သတင်းအမှားများဖြစ်။
  • လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
  • ဝေါမြို့နယ်ရှိ ဒေသခံပြည်သူ ၈၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တံတား စင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • တပ်မတော်ဘက်မှ မွန်ပြည်နယ်၊ ချောင်းနှစ်ခွရဲစခန်းအနီးရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများတူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • ရမ်းဗြဲမြို့ လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ဟူသည့်သတင်းနှင့် မြောက်ဦးမြို့ကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့သေဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားများဖြစ်။
  • တပ်မတော်ဘက်မှ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ ရွာနှင့် ရေစကြိုမြို့၊ ကြူကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်။

Add new comment