မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးအပ်

         ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၃ ရက်တွင် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁-၂၀၂၄)

 

  • ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးအပ်ခဲ့။

Add new comment