နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက် အမှာစကားပြောကြား

       ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ဇန်နဝါရီလ ၂၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များ ရှိသည်ကိုတွေ့ရှိရသဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညီတူညီမျှတိုးတက်မှုရှိအောင် ဆောင်ရွက် စေခဲ့ကြောင်း။
  • နိုင်ငံ့စွမ်းပကားမြှင့်တင်ရေးအတွက်ဆောင်ရွက်ရာတွင် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရန် လိုအပ်သဖြင့် တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း။
  • ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံရေးပြဿနာများဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ စသည့်အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း ပြီးခဲ့သည့်ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း။
  • စိုက်ပျိုးသည့် သီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်များ တိုးမြှင့်လာပြီး ထုတ်လုပ်သူများအတွက် ဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဝယ်လိုအားများ မြင့်တက်လာမည်ဖြစ်ကြောင်း။
  • စီးပွားရေးသဘောတရားအရ ဝယ်လိုအားမြင့်တက်လာမည်ဆိုပါက ရောင်းလိုအားများလည်း မြင့်တက်လာမည်ဖြစ်သဖြင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာမည်ဖြစ်ကြောင်း။
  • မိမိအနေဖြင့် မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူရောင်းချခြင်းကို အားမပေးသော်လည်း ပြန်လည်ပြည့်ဖြိုးနိုင်သည့်၊ ဖြည့်တင်းနိုင်သည့်ကိစ္စရပ်များကို နိုင်ငံတော်၏လိုအပ်ချက်အရ ခွင့်ပြုပေးထားကြောင်း။
  • မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံးတတ်နိုင်သမျှ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးထားသော်လည်း အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်သူများကြောင့် မဖွင့်လှစ်နိုင်ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာရလျက်ရှိကြောင်း။
  • အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့်အားဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ပြီးမြောက်စေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

  • ဘိလပ်မြေကို မိမိတို့ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
  • သံနှင့် သံမဏိကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အခြေခံကောင်းများ ရှိပြီးဖြစ်သော်လည်း ထုတ်လုပ်နိုင်မှုမရှိသေးသဖြင့် သံမဏိစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများအနေဖြင့်လည်း သံနှင့် သံမဏိလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားစွာ ရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း။
  • လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် စီမံကိန်းကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်သလို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁ -၂၀၂၄)

 

  • ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင့် တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညီတူညီမျှတိုးတက်မှုရှိအောင် ဆောင်ရွက်စေခဲ့။
  • နိုင်ငံ့စွမ်းပကားမြှင့်တင်ရေးအတွက်ဆောင်ရွက်ရာတွင် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရန် လိုအပ်သဖြင့် တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်။
  • စိုက်ပျိုးသည့် သီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ထုတ်ကုန်များ တိုးမြှင့်လာပြီး ထုတ်လုပ်သူများအတွက် ဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဝယ်လိုအားများ မြင့်တက်လာမည်ဖြစ်။
  • အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့်အားဖြင့် ပညာရေးကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်။
  • လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် စီမံကိန်းကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသေးစားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်သလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလို။

Add new comment