(၂၆) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့် ကော်မတီအစည်းအဝေးကို ဩဂုတ်လ ၂ ရက်တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ပါဝင်တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင်-
- အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံငွေရေးကြေးရေး ပူးပေါင်းဆောင် ရွက်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုး တက်မှုအခြေအနေနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်းလုပ်ငန်းစဉ်များအောက် ရှိ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေများကို လည်းကောင်း၊
- သက်ဆိုင်ရာနိုင်ငံများ၏ လုပ်ငန်းကော်မတီများက အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင်၊ ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး၊ အရင်း အနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၊ စွမ်းရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှုကော်မတီ တို့နှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊
- အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက အာဆီယံငွေရေး ကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့အောက်ရှိ စဉ်ဆက်မပြတ် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေးနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေ အနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့။
ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေးလုပ်ငန်းကော်မတီ (WC-CAL)၏ ပူးတွဲသဘာပတိများက အာဆီယံဒေသတွင်း ငွေကြေးများလွှဲပြောင်းပေးချေမှုများ ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် အာဆီယံဒေသတွင်းငွေကြေးများ လွှဲပြောင်းပေးချေမှုများ ဆိုင်ရာမူဘောင်တို့နှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၃)
- (၂၆) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့် ကော်မတီအစည်းအဝေးကို Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ပါဝင်တက်ရောက်ခဲ့။
Add new comment