တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင်အတွင်း ဝင်ရောက်လာ သော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ်လ ၂ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ ခန်းမများ၌ အသီးသီးပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက် လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြပါသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့ နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား အပ်နှံ ကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင်ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ လက်ပစ် ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ် ရာများ ပေးအပ်ပြီးနောက် အလင်းဝင်ရောက်လာသူ များအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူ များ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူ များအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေး အပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၃)
- ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်း၊ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့။
- မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင် သိန်း ၅၀ ကျပ်၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား သိန်း ၂၀ ကျပ်၊ လက်ပစ် ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ပြီးနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်း တို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့။
Add new comment