ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာ တော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်း တရား များကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပါသည်။
- ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရား ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများဖြင့် စည် ကားလျက်ရှိ။
- မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန် တံတား အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်း ဖြေ အနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိ။
ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုနိုင် ရေး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်စည်းကမ်းထိန်း သိမ်းရေး တပ်ဖွဲ့ဝင်များက မြို့ဝင်၊ မြို့ထွက် လူစည်ကားရာနေရာများ၌ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၃)
- ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်း သာစွာ လာရောက်ဖူးမြော်ကြည်ညိုခဲ့။
- တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ များ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိ။
Add new comment