တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဩဂုတ်လ ၁ ရက်တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု သောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသည်။

ထို့သို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၇,၇၄၉ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၂၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ခြင်း၊ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးအား တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း၊ သေဒဏ်ချ မှတ်ခြင်းခံထားရသော အကျဉ်းသား/အကျဉ်းသူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူ များကို သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျ ခံခြင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့ သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည်လွတ်မြောက်လာသည့် အချိန်တွင် ကျန်းမာပျော်ရွင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများက လည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၂)

 

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ,၇၄၉ ဦး၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၂၅ ဦး စုစုပေါင်း ၇,၈၉၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ()အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ တို့ကို ပြည်နှင်ဒဏ်ပေးခဲ့။

Add new comment