(၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (44th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လန်ဘုတ်ကျွန်းတွင် ဇူလိုင်လ ၂၉ မှ ၃၁ ရက် အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲမှုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှု အခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှု အပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသ ဖြစ်လာစေရေး ကာဗွန်လျှော့ချရေး ဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေး၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အတွက် အာဆီယံအပြာရောင် စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ်သော ကုန်သွယ်မှု ဒေသ အသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဒုတိယဝန်ကြီး H.E Edi Prio Pambudi က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းအဝေး ကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပ၍ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ (Think Tank) အနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အကြံပြုချက်နှင့် ထောက်ခံတင်ပြချက်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သည့်အဖွဲ့ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၃)
- (၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (44th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လန်ဘုတ်ကျွန်းတွင် ဇူလိုင်လ ၂၉ မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့။
- အစည်းအဝေးတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှု အပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ် မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေး၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင် စီးပွားရေးမူဘောင်ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ်သောကုန်သွယ်မှုဒေသ အသုံးပြုမှုအခြေအနေများ အပေါ် ညှိနှိုင်းဆွေးနွေးခဲ့။
Add new comment