ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့ ပူးပေါင်း လေ့ကျင့်သည့် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲသို့ တက်ရောက်

         ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon (ဝိချိုင်ချိုင်မုန်ခုန်) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်တွင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)က ကြီးမှူး စီစဉ်သည့် ONCB အဖွဲ့၊ ထိုင်းတော်ဝင်ရဲအဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းလေ့ကျင့်သည့် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြပါသည်။

သင်တန်းဆင်းပွဲသို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အထွေထွေ အတွင်း ရေးမှူးချုပ် Mr. Wichai Chaimongkhon (ဝိချိုင် ချိုင်မုန်ခုန်)၊ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် Mr. Chinaphat Sarasin (ချင်နဖတ်ဆာရဆင်)၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့မှ ရဲအရာရှိကြီးများ တက်ရောက်ကြပါသည်။

သင်တန်းဆင်းပွဲတွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် တို့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် (၅) သင်တန်းတက်ရောက် အောင်မြင်ပြီးစီးကြောင်း လက်မှတ်များ ကို သင်တန်းသူအရာရှိများထံ ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေး တပ်ဖွဲ့သင်တန်း ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သင်တန်းသူ အရာရှိ ၂၂ ဦး၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တို့မှ သင်တန်းသူ အရာရှိ ၂၇ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသူအရာရှိများ၏ စိတ်ပိုင်း ဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်၊ စွမ်းရည်စမ်းသပ်မှုနှင့် အထူးလုပ်ငန်း တာဝန်များ အတွက် လေ့ကျင့်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အထွေထွေအတွင်းရေးမှူးချုပ် ဝိချိုင်ချိုင်မုန်ခုန်နှင့် တွေ့ဆုံ ခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေများ၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုမရှိစေရေး၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင် တန်းများ ပေးအပ်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ပိုမိုတိုးတက်လာသည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၃)

 

  • ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) အထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်း နိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)က ကြီးမှူးစီစဉ်သည့် ONCB အဖွဲ့၊ ထိုင်းတော်ဝင်ရဲအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းလေ့ကျင့်သည့် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် မူးယစ်ဆေးဝါး ထိန်းချုပ် ရေးအဖွဲ့(ONCB) အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်းနှင့် ဒေသပြင်ပ နိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုမရှိစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ပိုမိုတိုးတက်လာသည့် အခြေအနေများနှင့် နှစ်နိုင်ငံ အကြား မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက် မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့။

Add new comment