မြန်မာ့ရုပ်မြင်သံကြား၏ တောင်သူလယ်သမားရုပ်သံလိုင်းနှင့် အားကစားရုပ်သံလိုင်းများ အဆင့်မြှင့်တင်ထုတ်လွှင့်မှု ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

          ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက် (ဝါဆိုလပြည့်နေ့)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခြင်း ၂ နှစ်နှင့် ၆ လပြည့်မြောက်မှုအထိမ်းအမှတ်နှင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးအဖြစ် ကမ္ပည်းမော်ကွန်းရေးထိုးနိုင်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားပူဇော်မှု အနေကဇာတင်လှူခြင်း အခမ်းအနားကျင်းပမည့် အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Hey Play Co., Ltd တို့ပူးပေါင်း၍ MRTV Farmers’ Channel နှင့် MRTV Sports Channel အဆင့်မြှင့်တင် ထုတ်လွှင့်မှု(Channel Rebranding) ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများနှင့် နိုင်ငံကျော်တေးသံရှင်များက သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “ရှေ့သို့ ချီမည်ပန်းတိုင်ဆီ” Video Clip ကို ပြသပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက MRTV Farmers’ Channel နှင့် MRTV Sports Channel များအား အဆင့်မြှင့်တင်ထုတ်လွှင့် ခြင်း (Channel Rebranding) ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် စတင်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

MRTV Farmers’ Channel Rebranding ဆိုင်ရာ ဆောင်ရွက်ချက်နှင့် MRTV Sports Channel Rebranding ဆိုင်ရာ ဆောင်ရွက်ချက် Promo Video Clip တို့ကို ပြသပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က MRTV Farmers’ Channel နှင့် MRTV Sports Channel တို့အား ဩဂုတ် ၁ ရက်မှ စတင်၍ အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ရန် Channel များအလိုက် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ MRTV Farmers’ Channel နှင့် MRTV Sports Channel အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ခြင်းအတွက် အဆိုပါ Channel များ စတင်ထုတ်လွှင့်ချိန်မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဂုဏ်ပြုပန်းခြင်းများပေးအပ်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရုပ်မြင်သံကြားသတင်းထုတ်လွှင့်မှုအခန်း Conver- gence News Room၊ MRTV HD၊ MRTV News Channel ထုတ်လွှင့်ခန်းများ၊ Farmers’ Channel နှင့် Sports Channel ထုတ်လွှင့်ခန်းများ၊ MRTV News Channel News Studio နှင့် Farmers’ News Studio တို့အားလည်းကောင်း ကဏ္ဍတစ်ခုချင်းစီအလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုအားပေးကြပါသည်။

MRTV Farmers’ Channel ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်၍ လည်းကောင်း၊ MRTV Sports Channel ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍လည်းကောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ Hey Play Co., Ltd နှင့် ပူးပေါင်း၍ အစီအစဉ်များ အဆင့်မြှင့်တင်ခြင်း Rebranding ဆောင်ရွက်ပြီး ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

  သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က MRTV Farmers’ Channel နှင့် MRTV Sports Channel တို့အား ဩဂုတ် ရက်မှ စတင်၍ အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ရန် Channel များအလိုက် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့။
  • MRTV Farmers’ Channel ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်၍လည်းကောင်း၊ MRTV Sports Channel ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍လည်းကောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ Hey Play Co., Ltd နှင့် ပူးပေါင်း၍ အစီအစဉ်များ အဆင့်မြှင့်တင်ခြင်း Rebranding ဆောင်ရွက်ပြီး ဩဂုတ် ရက်မှ စတင်၍ နံနက် နာရီမှ ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီထုတ်လွှင့်သွားမည်ဖြစ်။

Add new comment