ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီ တော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ် တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ် တော်ဝတ္ထုကံတော်အတွင်းရှိ သတ်မှတ်နေရာများတွင် ကျင်းပခဲ့ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီး များ ဖြစ်တော်မူသည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကတို့ အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော် အပါး ၉၀၀ ၊ သာသနာ နွယ်ဝင် သီလရှင်ဆရာကြီးအပါး ၂၀ တို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များနှင့်ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ် ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ရွှေကြာသင်္ကန်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ် ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော် အမှူးပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန်တော်သို့ လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယကျောင်းတော်သို့လည်းကောင်း၊ မဟာထေရ် ၉ ပါးတို့အား ထေရာသနနေရာ သို့လည်းကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင် တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ခဲ့ကြပါသည်။
ထို့နောက် ပြည်ပနိုင်ငံများမှ ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၆ ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာ တော် ၆ ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ၅ ပါးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပါသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက ဇယောဟိ ဗုဒ္ဓဿ သီရိမတော အစချီ ဇယမင်္ဂလာ အောင်ဘိသိက်ဂါထာတော်ကို ရွတ်ဆိုပူဇော်၍ ဂါထာတော်ပြီးဆုံးချိန်တွင် သာဓုသုံးကြိမ်ခေါ်ဆိုပြီး လျှပ်ပန်းရောင်စုံမီးပန်းစုံတို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ပူဇော်၍ အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီး တော်တင်လှူပူဇော်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဆရာတော်ကြီး ၃ ပါးနှင့် ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာများက စေတီတော်အထွတ်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီတော် ၄ ဆူနှင့် ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့အား ရွှေထီးတော်တင်လှူကြမည့် အလှူရှင်ဘုရားဒါယကာများကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက်တက်ရောက်နေရာယူကြပါသည်။
ဦးဆောင်ဘုရားဒါယကာက ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ်နား တော်နှင့် ရတနာစိန်ဖူးတော်တို့ကို အစဉ်အတိုင်းတင်လှူပူဇော်ပြီး စေတီတော် အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော်ခဲ့ပါသည်။
ထို့အတူ အလှူရှင်ဘုရားဒါယကာများက အရံစေတီတော် ၄ ဆူနှင့် ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ကြပြီး ရွှေထီးတော်မြတ်အား ပရိတ်နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖြန်းသန့်စင်သွန်းလောင်း ပူဇော်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်း ပူးခြင်း အစီအစဉ်ကို အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပါသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားရာတွင်-
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် ရည်ရွယ်ချက်လေးရပ် ထားရှိခဲ့ပြီး ဗုဒ္ဓမြတ်စွာ၏အေးမြသည့် မေတ္တာရိပ်အောက်၌ အားလုံးလုံခြုံ အေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်လည်း ရည်ရွယ်ထားရှိမှု။
- မိမိတို့ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့်မေတ္တာတရားကို အလေးထားသည်နှင့် အညီ ဗုဒ္ဓဘာသာကိုအခြေခံပြီး ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်လည်း ရည်ရွယ်တည်ထားခဲ့မှု။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်းလုပ် ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊
- ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော် ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု၊
- ရုပ်ပွားတော်ကြီးထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေး ချိန်အများဆုံး ရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့ သည့်အခြေအနေများ၊
- မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်အဆင့်တည်ဆောက်နိုင်ရေး ဆောင်ရွက် ခဲ့မှု၊
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့မှု၊
- ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယ နာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိမှု၊
- ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ခြင်း နှင့် Tablet များဖြင့်ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှု၊
- ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားမှု၊
- မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲမှု ရှိစေရေးစနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊
- ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့်ဆင့်ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊
- ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်း များတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊
- မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့မှုနှင့် ကျည်းပင်များစိုက်ပျိုးထားရှိမှု၊
- ဆင်းတုတော်ကြီး၏ အပိုင်း(၁၊၂၊၃) တို့အားတွဲဆက်၍ ပင့်ထောင်ခြင်းလုပ်ငန်း နှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကရိယာများအသုံးပြုပြီး မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊
- ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားများ ဆောင်ရွက်ခဲ့မှု၊
- သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်နိုင်သော အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားမှု အခြေအနေများ၊
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့မှုနှင့် ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊
- ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရးအတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက် တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာ များ အသုံးပြုတည်ဆောက်ခဲ့မှု၊
- ရင်ပြင်တော်ကြီးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ထားရှိမှု၊
- မဟာဗောဓိပင်စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင်နှင့် အင်ကြင်းတောစိုက်ပျိုး ဆောင်ရွက်လျက်ရှိမှု၊
- ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအဆင့်ဆင့်တိုးတက်လာမှုနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ကြီးတည်ဆောက်ပြီးစီးပါက ဖူးမြော်မြင် တွေ့ရမည့် အခြေအနေများ၊
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးရန်အနှောင့်အယှက် ကင်းရှင်း၍ လျင်မြန်စွာ အေးချမ်းသာယာ တိုးတက်အောင်မြင်ပါစေဟု ဆုမွန် ကောင်းတောင်းရင်း မိမိ၏လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်းဖြင့် လျှောက်ထားတင်ပြခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဉာဏ်တော် ၉ လက်မရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဆိုင်ရာ သာသနိက အဆောက်အအုံတော် တို့ကို ဆက်ကပ်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး တို့က သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး တက် ရောက်လာကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများက သံဃာတော်အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။
ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိသုကာ အင်ဂျင်နီယာများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ပါသည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာမင်္ဂလာ အခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြပါသည်။
အခမ်းအနားအပြီးတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ယနေ့အခမ်းအနားများသို့ ကြွရောက်ချီးမြှင့်တော်မူကြ သည့် ပြည်တွင်းပြည်ပမှ ဆရာတော် သံဃာတော်အပါး ၉၀၀ အား ဘောဇနသာလာ အဆောင်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် တက်ရောက်လာကြ သည့် အလှူရှင်များ၊ ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြသည်။
ညပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လျှပ်ပန်းရောင်စုံ မီးပန်းစုံတို့ဖြင့် မီးရှုးမီးပန်းများ ပစ်ဖောက်၍ ကြည်ညိုသပ္ပါယ်ဖွယ်ပူဇော်ခဲ့ကြောင်းနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများအား မီးရောင်စုံများဖြင့် အလင်းပေးပူဇော်ထားရှိသဖြင့် ကြည်ညို သပ္ပါယ်ဖွယ်ဖူးတွေ့နိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၃)
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်း၌ ကျင်းပခဲ့။
- ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့မှ သံဃာတော် ၇၀ ပါးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက်သွန်းတော်မူခဲ့။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် ရည်ရွယ်ချက်လေးရပ် ထားရှိခဲ့ပြီး ဗုဒ္ဓမြတ်စွာ၏အေးမြသည့် မေတ္တာရိပ်အောက်၌ အားလုံးလုံခြုံအေး ချမ်းစွာဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် နိုင်ငံတော်ကြီး သာယာဝ ပြောမှုရှိစေရန်လည်း ရည်ရွယ်ခြင်းဖြစ်။
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ကြွရောက်ချီးမြှင့်တော်မူ ကြသည့် ပြည်တွင်းပြည်ပမှ ဆရာတော် သံဃာတော်အပါး ၉၀၀ အား ဘောဇန သာလာ အဆောင်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့။
Add new comment