ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ စတုတ္ထအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့တက်ရော

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ All-Russian Exhibition Center (VDNH – Exhibition of Achievements of National Economy)၌ ကျင်းပသည့် စတုတ္ထအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်တွင်-

  • ဥရောပ-အာရှစီးပွားရေးကော်မရှင်၊ ပေါင်းစည်းမှုတိုးတက်ရေးဌာနမှ Ms. Gohar Barseghyan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ စက်မှုနှင့်စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့။
  • ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် Gorchakov Fund တို့ ပူးပေါင်းကျင်းပသည့် ရုရှား-အာရှ-ပစိဖိတ်ဒေသ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့။
  • ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov နှင့် တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ရုရှား-အာဆီယံစီးပွားရေးကောင်စီမှ ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်း ရှင်များအကြားသီးခြားတွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ (Business Matching) ဆောင်ရွက်ခဲ့။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်တွင်-

  • ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ သဘာဝမြေသြဇာစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးကိစ္စရပ်များနှင့် သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ၏အကြံပေးနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • Aquarius နည်းပညာကုမ္ပဏီရုံးချုပ်၌ ကျင်းပသည့် Aquarius နည်းပညာထုတ်ကုန်များ မိတ်ဆက်ရှင်းလင်းပြသပွဲသို့တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်တွင်-

  • ကော်မရှင်ပူးတွဲဥက္ကဋ္ဌများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ စွမ်းအင်၊ သတ္တု၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာပူးပေါင်ဆောင်ရွက်ရေးနှင့် ရုရှား-မြန်မာကျောင်းများတည်ထောင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ကော်မရှင်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတွင် ရုရှားနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးတို့က မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပခဲ့သည့် တတိယအကြိမ်ကော်မရှင်အစည်းအဝေးနောက်ပိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် သတ္တု၊ အဏုမြူစွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဘဏ်နှင့် ငွေကြေး၊ စက်မှု၊ ခရီးသွားလာရေး၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် အားကစားအစ ရှိသည့် နယ်ပယ်များတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့။
  • စီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှင့်သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

အဆိုပါစတုတ္ထအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ စီးပွားရေးအသင်းအဖွဲ့များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁-၂၀၂၃)

 

  • ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ရုရှားနိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲသို့တက်ရောက်၊ ကဏ္ဍအသီးသီးမှ ရုရှားပညာရှင်များနှင့် မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment