ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် လာအိုနိုင်ငံ၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

          အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ နှင့် ဆက်စပ်ဝန်ကြီးအဆင့်အစည်းအဝေးများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ရုရှားဖက်ဒရေးရှင်းခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside Hotel ၌ ဇန်နဝါရီလ ၂၂ ရက်မှ ၂၇ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

  • ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ နှင့် ဆက်စပ်ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့။
  • ညနေပိုင်းတွင် (၁၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းဆိုင်ရာ မူဘောင်များအလိုက် လျာထားသည့်လုပ်ငန်းစဉ်များ ပိုမိုတိုးမြှင့်ဖော်ဆောင်ရေးအတွက် ခိုင်မာသော ရန်ပုံငွေအရင်းအမြစ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့။
  • ဇန်နဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် (၂၃) ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ-တရုတ်ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ရန် အဆိုပြုချက်အပေါ် ထောက်ခံသဘောတူညီကြောင်း ဆွေးနွေးပြောကြားခဲ့။
  • ညနေပိုင်းတွင် (၃) ကြိမ်မြောက် အာဆီယံ-ရုရှားဖက်ဒရေးရှင်းခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲဆောင်ရွက်ခဲ့မှုများအပါအဝင် ရုရှားခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့။
  • ထို့ပြင် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့လည်း ကောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay SIPHANDONE နှင့် တွေ့ဆုံခြင်းအခမ်းအနားသို့လည်းကောင်း၊ အာဆီယံခရီးသွား လုပ်ငန်းစံနှုန်းဆုများ ပေးအပ်ခြင်းအခမ်းအနားနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ပိတ်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့။

အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award ငါးဆု၊ ASEAN MICE Venue Standard Award (Category: Meeting Room) သုံးဆု၊ ASEAN MICE Venue Standard Award(Category: Exhi-bition Venue) နှစ်ဆု၊ ASEAN MICE Venue Stan-dard Award(Category: Event Venue) သုံးဆု၊ ASEAN Sustainable Tourism Award တစ်ဆုနှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် လာအိုနိုင်ငံ၌ ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄၊ အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုများ ပေးအပ်ရာတွင် မြန်မာနိုင်ငံမှ ASEAN Green Hotel Award ငါးဆု၊ ASEAN MICE Venue Standard Award သုံးဆု၊ ASEAN MICE Venue Standard Award နှစ်ဆု၊ ASEAN MICE Venue Stan-dard Award သုံးဆု၊ ASEAN Sustainable Tourism Award တစ်ဆုနှင့် ကျိုင်းတုံမြို့နှင့် ပုသိမ်မြို့တို့မှ ASEAN Clean Tourist City Award တို့ကို ရရှိခဲ့။

Add new comment