Expo 2023 Doha ကုန်စည်ပြပွဲ အခမ်းအနားကျင်းပ

       ဇန်နဝါရီလ ၂၇ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Expo House တွင် ကျင်းပပြုလုပ်သည့် Expo 2023 Doha ပြပွဲတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို TREASURE  CAP   Company  မှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါ Expo 2023 Doha ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ၆ လကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလအတွင်း မြန်မာပြခန်း၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊  ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့သဘာဝမျိုးရင်းသစ်ခွများနှင့်ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၄)

 

  • Expo 2023 Doha ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ၆ လကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလအတွင်း မြန်မာပြခန်း၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊  ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့သဘာဝမျိုးရင်း သစ်ခွများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိ။

 

 

 

Add new comment