တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

          တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား အောင် မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်တွင် လူနာ ၉ ဦးတို့အား ထပ်မံခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ယခုအခါ ပဉ္စမအကြမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဇန်န ဝါရီလ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပါသည်။

အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၄)

 

  • တပ်မတော်တွင် အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ အသည်းအစားထိုးလူနာ ၁၁ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပဉ္စမအကြိမ်တွင် အသည်းအစားထိုးလူနာ ၃ ဦးကို ဆောင်ရွက်ပေးမည်ဖြစ်။
  • အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့။
  • အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ။

Add new comment