နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ရရှိတော်မူသော ဘဒ္ဒန္တပညာသီရိလင်္ကာရ ဆရာတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တပညာသီရိလင်္ကာရ ဆရာတော်ထံသို့  ဇန်နဝါရီလ ၂၇ ရက်တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ဆက်ကပ်ခဲ့ရာ-

  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးရက်အရှည်ဆုံးကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ၊ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိကြောင်း။
  • ဆရာတော်အနေဖြင့် ပရိယတ္တိသာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများကို ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်မည်ဖြစ်သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ဘဒ္ဒန္တပညာသီရိလင်္ကာရဆရာတော်ထံသို့  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ဆက်ကပ်ခဲ့။

Add new comment