လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇန်နဝါရီလ ၂၇ ရက်တွင် ကန့်ဘလူမြို့၌ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သံဃာတော်များက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည် ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံအားပေးခဲ့ကြပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးအား အမြန်ဆုံးရရှိအောင် တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းခြင်းစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၄)
- ကန့်ဘလူမြို့နယ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆိုပါမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သံဃာတော်များက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုထောက် ခံအားပေးခဲ့။
- ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအား အမြန်ဆုံးရရှိအောင် တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းခြင်းစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့ တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိ။
Add new comment