ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

         ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်တွင် အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးပညာကို တက္ကသိုလ်အဆင့်ဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သစ်လွင်မောင်မယ် ၂၁၁ ဦးတို့က ပထမနှစ်ပညာသင်ယူကြ  မည်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီလ ၁၇ ရက်အထိ နှစ်တစ်ရာကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) ၁၂,၉၈၃ ဦး၊ ဘွဲ့လွန်ဒီပလိုမာ (Postgrad.Dip.Ag.Sc.) ၆၅ ဦး၊ မဟာဒဿနဘွဲ့ (M.Phil.) ၁၀ ဦး၊ မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) ၆၆၈ ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D. by Research) ၆ ဦး၊ ပါရဂူဘွဲ့ (Ph.D.) ၇၇ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၄)

 

  • စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သစ်လွင်မောင်မယ် ၂၁၁ ဦးတို့က ပထမနှစ်ပညာသင်ယူကြမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ လ ၁၇ ရက်အထိ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) ၁၂,၉၈၃ ဦး၊ ဘွဲ့လွန် ဒီပလိုမာ (Postgrad.Dip.Ag. Sc.) ၆၅ ဦး၊ မဟာဒဿနဘွဲ့ (M.Phil.) ၁၀ ဦး၊ မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) ၆၆၈ ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D. by Research) ဦး၊ ပါရဂူဘွဲ့ (Ph.D.) ၇၇ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်။

Add new comment