ရှမ်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

          ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသော တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်လျက်ရှိရာ ဇန်နဝါရီ လ ၁၇ ရက်မှ (၂၃)ရက်ထိ-

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်း ၅ နေရာတွင် ရှောက်ရှိခိုလှုံနေကြသည့် အိမ်ထောင်စု ၇၆၅ စုမှ လူဦးရေ ၂,၅၅၇ ဦး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှပ်အင်္ကျီနှင့် ဆပ်ပြာခဲများ ထောက်ပံ့ခဲ့။

  • ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု ၁,၈၃၄ စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဆန် ၂၄ ပြည်ပါ ၄၅၈ အိတ်၊ ဆီ ၁,၈၃၄ ဗူး၊ ဆား ၁,၈၃၄ ပိဿာ၊ ကုလားပဲ ၄၅၈ ပိဿာ၊ ခေါက်ဆွဲထုပ် ၉,၁၇၀နှင့် ကြက်ဥ အလုံးရေ ၁၈,၃၄၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့။

  • ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်အိမ်ထောင်စု ၁,၈၃၄ စု၊ စုစုပေါင်း ဦးရေ ၇,၃၀၄ ဦးတို့အတွက် ကျား/မဝတ်ရှပ်အင်္ကျီ ၇,၃၀၄ ထည်နှင့် ဆပ်ပြာခဲ ၇,၃၀၄ ခဲတို့ကို ထောက်ပံ့ပေးအပ်ခဲ့။  

အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာလာကြရသော ပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများတွင် လိုအပ်ချက်များရှိမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁-၂၀၂၃)

 

  • လားရှိုးမြို့နှင့် ဆီဆိုင်မြို့တို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ရှောက်ရှိခိုလှုံနေကြသည့် အိမ်ထောင်စုပေါင်း ၂၅၉၉ စုအတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်လျက်ရှိ။

Add new comment