၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၆-၁-၂၀၂၄ မှ ၁၂-၁-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ်တွင်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၇.၆၁၇ သန်း၊

  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၄၂ သန်း၊

  • ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂.၇၂၁ သန်း၊

  • သတ္ထုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅.၅၇၇ သန်း၊

  • သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၃၀၀ သန်း၊

  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၃.၃၉၈ သန်း၊

  • အခြားပစ္စည်းများတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄.၀၀၇ သန်း ရရှိခဲ့ရာ

ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၄.၉၆၂ သန်းကျော်ရရှိခဲ့။

          ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၈,၄၃၂ ဒသမ ၁၀၄ တန်ရှိပြီး အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်းရရှိခဲ့ပါသည်။

          ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄၆၂ သန်းရရှိခဲ့ပါသည်။

          ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇန်နဝါရီလ ၁၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ ၁,၂၁၀,၄၅၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့်တင်ပို့ရန် ရည်မှန်းထားပါသည်။

၁-၄-၂၀၂၃ မှ ၁၂-၁-၂၀၂၄ နေ့အထိ အဓိကပို့ကုန်အများဆုံး(၁၀) မျိုးမှာ  ချုပ်ပြီး အထည်၊ သဘာဝဓာတ်ငွေ့၊ မတ်ပဲ၊ ဆန်နှင့် ဆန်ကွဲ၊ ပြောင်း၊ ငါး၊ ပဲတီးစိမ်း၊ ရော်ဘာစိမ်း၊ ပဲစင်းငုံ၊ တစ်သျှူးငှက်ပျောသီးတို့ဖြစ်ပြီး ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံ(၁၀) စာရင်းမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ စပိန်၊ တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတို့ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၄)

 

၆-၁-၂၀၂၄ မှ ၁၂-၁-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုအနေဖြင့်-

  • လယ်ယာထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၇.၆၁၇ သန်း၊

  • တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၄၂ သန်း၊

  • ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂.၇၂၁ သန်း၊

  • သတ္ထုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅.၅၇၇ သန်း၊

  • သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၃၀၀ သန်း၊

  • စက်မှုကုန်ချောပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၃.၃၉၈ သန်း၊

  • အခြားပစ္စည်းများတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄.၀၀၇ သန်းရရှိခဲ့ရာ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးစုစုပေါင်းအမေရိကန်ဒေါ်လာ ၂၆၄.၉၆၂ သန်းကျော်ရရှိခဲ့။

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပုစွန်မက်ထရစ်တန် ၈,၄၃၂ ဒသမ ၁၀၄ တန်ရှိပြီး အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်းရရှိခဲ့။

  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း ဆန်နှင့်ဆန် ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄၆၂ သန်းရရှိခဲ့။

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇန်နဝါရီလ ၁၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ ၁,၂၁၀,၄၅၇ တန်ကျော် တင်ပို့နိုင်ခဲ့။

  • ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့်တင်ပို့ရန် ရည်မှန်းထား။

Add new comment