ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

          ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂,၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ရာ ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေဆုံးလျက်တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ မြို့ရွာများ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးခြင်းများအပြင် ယခုကဲ့သို့ ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူများ၏ အသက်သေဆုံးစေသည်အထိ အလွန်ရက်စက်၍ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၄)

 

  • ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနီး ကြံခုတ်နေသည့် ဒေသခံပြည်သူများအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment