ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပရန်အတွက် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေးလုပ်ငန်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများဖြင့် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
- ဇန်နဝါရီလ ၁၅ ရက်မှ ၂၃ ရက်အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၇,၇၃၈ ဦး တို့က စမ်းသပ်မဲပေးခဲ့။
ထိုသို့ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၄)
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၅ ရက်မှ ၂၃ ရက်အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၇ မြို့နယ်တို့မှ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၇,၇၃၈ ဦး တို့က စမ်းသပ်မဲပေးခဲ့။
Add new comment