နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ

       ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။        

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲ၊ ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း။
  • ယခုကဲ့သို့ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်း ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု၊ စုစုပေါင်းဆုတံဆိပ်(၂၄)ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်ကြောင်း။
  • ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်းလိုက်ရွှေတံဆိပ်ရရှိခဲ့ကြသည့်အသင်းများကို ငွေကျပ်သိန်း(၃၀၀)စီ၊ တစ်ဦးချင်း ငွေတံဆိပ်နှင့် အသင်းလိုက်ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၂၀၀)စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း (၁၀၀) စီ၊ စုစုပေါင်းငွေကျပ်သိန်း (၃,၉၀၀) ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ဗိုဗီနမ်အားကစားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများက ငွေတံဆိပ်ဆု ၅ ဆုနှင့် ကြေး တံဆိပ်ဆု ၁၄ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားမောင်မယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၄)

 

  • အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်းရွှေတံဆိပ်()ခု၊ ငွေတံဆိပ်()ခု၊ ကြေးတံဆိပ်(၁၄)ခု၊ စုစုပေါင်းဆုတံဆိပ် (၂၄)ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်။
  • ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်းလိုက်ရွှေတံဆိပ်ရရှိခဲ့ကြသည့်အသင်းများကို ငွေကျပ်သိန်း(၃၀၀)စီ၊ တစ်ဦးချင်း ငွေတံဆိပ်နှင့် အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၂၀၀)စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း (၁၀၀)စီ၊ စုစုပေါင်းငွေကျပ်သိန်း (,၉၀၀)ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်။
  • နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ရေး၊ အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လို။

Add new comment