နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ဇန်နဝါ ရီလ ၂၃ ရက်တွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌  သွားရောက်တွေ့ဆုံခဲ့ပါသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များအား အသီးသီးရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းအခြေခံ စားသုံးဆီ၊ ဆန်နှင့် ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါးစသည်ဖြင့် ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း။
  • ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ မိမိဒေသမှ ပြည်တွင်းဖူလုံသည်အထိ ၎င်းမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားရန်လိုကြောင်း၊
  • MSME တွေ့ဆုံမှုများတွင် အများဆုံးတင်ပြလာသည့် လိုအပ်ချက်အဖြစ် အရင်းအနှီးအတွက် ချေးငွေလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိယာ၊ မြေနေရာများ လိုအပ်ချက်များကို တင်ပြကြသည်ကို တွေ့ရှိရကြောင်း။
  • လိုအပ်သောကုန်ကြမ်းကို ပြည်ပမှ ဝယ်ယူခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျခြင်းနှင့် အခြားသောကန့်သတ်ချက်များ ကြုံတွေ့နိုင်ပြီး ရေရှည်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နိုင်ကြောင်း၊ နိုင်ငံအတွင်း ဒေသအလိုက်ရရှိနိုင်သော ကုန်ကြမ်းများ ရှိပြီးဖြစ်ကြောင်း။
  • သီလဝါအထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ဟူ၍ ၂ ပိုင်းရှိပြီး စီမံခန့်ခွဲမှုကော်မတီနှင့် ဆက်သွယ်၍ မိမိတို့၏ကုန်ပစ္စည်းများကို တင်ပို့ နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများ အောင်မြင်ရန် စုပေါင်းညီညာအောင်ကြောင်းဖြာဆိုသည့် စကားအတိုင်း ပြည်နယ်အစိုးရ၊ MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင်ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ပါကြောင်း။
  • MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်၍ တင်သွင်းသူ (Inporter) အဖြစ်မှ တင်ပို့သူ (Exporter) ဖြစ်အောင် ကြိုးပမ်းသွားရန်လိုကြောင်း။
  • လူတစ်ဦးချင်းမှစ၍ အခြေခံကောင်းများဖြင့် မိသားစုအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သည်အထိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၄)

 

  • ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ မိမိဒေသမှ ပြည်တွင်းဖူလုံသည်အထိ ၎င်းမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားရန်လို။
  • သီလဝါအထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ဟူ၍ ၂ ပိုင်း ရှိပြီး စီမံခန့်ခွဲမှုကော်မတီနှင့် ဆက်သွယ်၍ မိမိတို့၏ ကုန်ပစ္စည်းများကို တင်ပို့ နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်။
  • MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်၍ တင်သွင်းသူ (Inporter) အဖြစ်မှ တင်ပို့သူ (Exporter) ဖြစ်အောင် ကြိုးပမ်းသွားရန်လို။
  • လူတစ်ဦးချင်းမှစ၍ အခြေခံကောင်းများဖြင့် မိသားစုအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သည်အထိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလို။

Add new comment