နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုမိန့်ခွန်းပြောကြား

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင်ကျင်းပသည့် “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင်-

  • ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ထွက်ပေါ်လာသည့် သုတေသနရလဒ်များကို မီးမောင်းထိုးတင်ပြခွင့်ရပြီး ကျန်းမာရေးတွေ့ရှိချက် အသိပညာများကို ဆွေးနွေးခွင့်၊ ဖလှယ်ခွင့်စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မှာဖြစ်ကြောင်း။
  • (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ်အဖြစ် “Enhancing Research Integrity and Research Ethics” “ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက် ကြပါစို့ ဟု သတ်မှတ်ထားပါကြောင်း။
  • ယနေ့ကမ္ဘာကြီးတွင် ပြောင်းလဲလာသည့် နေထိုင်စားသောက်မှုပုံစံများကြောင့် သွေးတိုး၊ ဆီးချို၊ အဝလွန်၊ ကင်ဆာစသည့် ရောဂါများကို ကြိုတင်ကာကွယ်မှု၊ ထိရောက်စွာကုသနိုင်မှုအတွက် ရှေ့ဆက်ရမည့် ကျန်းမာရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များက ပါဝင်ဆွေးနွေးမည့် မကူးစက်တတ်သောရောဂါများ ကာကွယ်ခြင်း၊ ဖြစ်ပွားမှုလျော့ပါးအောင် ဆောင် ရွက်ခြင်းလုပ်ငန်းစဉ်များဆိုင်ရာပညာရပ်ဆွေးနွေးပွဲကိုလည်း ကျင်းပမှာဖြစ်သောကြောင့် မကူးစက်နိုင်သောရောဂါ ကာကွယ်တားဆီးရေးတွင် မှန်ကန်သော ကုထုံးများရရှိရန် အထောက်အကူကောင်းများရရှိမှာ မလွဲဧကန်ဖြစ်ကြောင်း။
  • မကူးစက်နိုင်သောရောဂါများအတွက် အရေးပါသကဲ့သို့ ကူးစက်နိုင်သော ရောဂါများဖြစ်သည့် ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့် သုတေသနပြုလုပ်နေရန် လည်းလိုအပ်ကြောင်း။
  • ဆေးသုတေသနဦးစီးဌာန(ရန်ကုန်ရုံးချုပ်)တွင် တည်ထောင်ခဲ့သည့် အဆင့်မြင့်မော်လီကျူးသုတေသနဌာန ဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အထောက်အပံ့ဖြင့် ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရည်ရွယ်ချက်မှာ ခေတ်မီနည်းပညာဖြင့် ဓာတ်ခွဲခန်းဆိုင်ရာအထောက်အကူပြု ပစ္စည်းများ အသုံးပြု၍ ကူးစက်နိုင်သောရောဂါ (၃)မျိုးဖြစ်သည့် ငှက်ဖျား၊ အသည်းရောင်အသားဝါ၊ တီဘီဆိုင်ရာ သုတေသနစွမ်းရည်ကို အားကောင်းလာစေရန်၊ မြန်မာပြည်သူများအတွက် ကူးစက်နိုင်သောရောဂါများနှင့် ကျန်းမာရေးစောင့် ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာစေရန်၊ အထောက်အကူဖြစ်စေရန်တို့ဖြစ်ကြောင်း။
  • အဆိုပါဓာတ်ခွဲခန်းတွင် အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာ အသုံးပြုထားသော ဇီဝလုံခြုံမှုအဆင့်(၂)အထက်ရှိ ဓာတ်ခွဲခန်းပါဝင်ပြီး သုတေသီများနှင့် နည်းပညာရှင်များကို ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့် မော်လီကျူးသုတေသနစင်တာသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲများ၏ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ်စမ်းသပ်လေ့လာသုံးသပ်ခြင်းများကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀) ကျော်ကို ဆေးသုတေသနဦးစီးဌာန၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း။
  • (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသနစာတမ်းများ၊ သုတေသနပိုစတာများသည် နိုင်ငံတော်ကမျှော်မှန်းထားသော အမျိုးသားကျန်းမာရေးမူဝါဒများကို အပြည့်အဝ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံကြီး၏ ရည်ရွယ်ချက်များဖြစ်သည့် ကျန်းမာရေးဆိုင်ရာ သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက် များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်များ ပြည့်မီလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၄)

 

  • ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ထွက်ပေါ်လာသည့် သုတေသနရလဒ်များကို မီးမောင်းထိုးတင်ပြခွင့်ရပြီး ကျန်းမာရေးတွေ့ရှိချက် အသိပညာများကို ဆွေးနွေးခွင့်၊ ဖလှယ်ခွင့်စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မှာဖြစ်။
  • ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်) တွင် တည်ထောင်ခဲ့သည့် အဆင့်မြင့် မော်လီကျူးသုတေသနဌာန ဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအထောက်အပံ့ဖြင့် ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့။
  • အဆိုပါ ဓာတ်ခွဲခန်းတွင် အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာ အသုံးပြုထားသော ဇီဝလုံခြုံမှုအဆင့် () အထက်ရှိ ဓာတ်ခွဲခန်းပါဝင်ပြီး သုတေသီများနှင့် နည်းပညာရှင်များကို ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့် မော်လီကျူး သုတေသနစင်တာသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့။
  • (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားသည့် သုတေသနစာတမ်းများ၊ သုတေသနပိုစတာများသည် နိုင်ငံတော်ကမျှော်မှန်းထားသော အမျိုးသားကျန်းမာရေးမူဝါဒများကို အပြည့်အဝ အထောက်အကူပြုမည်ဟု ယုံကြည်။

Add new comment

Switch to plain text editor