(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

        (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပ၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ရာတွင်-

  • ယခုနှစ် ကျင်းပသည့်ညီလာခံကို ခိုင်မာပြီးသုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethics” ဟု သတ်မှတ်ထားရှိကြောင်း။
  • ညီလာခံသို့တင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ၊ ရောဂါကာကွယ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ကူးစက်နိုင်သော ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ သုတေသနစာတမ်းများ၊ မကူးစက်တတ်သော ရောဂါများအား ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများ ဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းများ ပါဝင်သည်ကို တွေ့ရှိရကြောင်း။
  • ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီများအား အသုံးချသုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သုတေသနစီမံချက် ၂၀၁ ခုအတွက် ခွင့်ပြုငွေ ကျပ် သန်း ၁,၁၀၀ ကျော် ခွဲဝေချထားခဲ့ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုပြီးနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားမှု ဆိုင်ရာသုတေသနစာတမ်း၊ မြန်မာနိုင်ငံလက်ရွေးစင်အားကစားသမားများအကြားတွင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေ နိုင်သော အပြုအမူများ ဖြစ်ပေါ်ပျံ့နှံ့မှုများအား သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ကူးစက်နိုင်သောရောဂါတစ်ခုဖြစ်သည့် ဆေးယဉ်ပါး တီဘီရောဂါအတွက် သုတေသနတွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးကြသည့် “Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosis” ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။

ညီလာခံသို့တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီ ဆုများကို စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၄)

 

  • (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့

Add new comment