TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီးဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

       TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်း ဌာပနာထားသည့် ပစ္စည်းများအား ယူဆောင်သွားခဲ့ပြီး ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖြိုချဖျက်ဆီးခြင်း၊ ဘုရား၊ စေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ခြင်းစသည့် ဗုဒ္ဓဘာသာကိုစော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိပါသည်။

TNLA အဖွဲ့၏ လုပ်ရပ်များသည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုကို ပစ်မှတ်ထား၍ ဘာသာ၊ သာသနာအား ညှိုးနွမ်းစေရန် ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာ နိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်-မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၄)

 

  • TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီး ဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်း (၂၁) ဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

Add new comment