ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

         ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင်လက်နက်/ ခဲယမ်းများသယ်ဆောင်ရန်ရှိကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်စဉ် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော်ယာဉ် ၅ စီးအားတွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်ခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PNLO အဖွဲ့မှ ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၂ ရက်တွင် အဆိုပါမီးလောင်ပျက်စီးခဲ့သည့်နေရာသို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံကာ ဆန်၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးအပ်ခဲ့ရာ-

  • ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် အိမ်ထောင်စု ၂၇ စုအတွက် ငွေကျပ်သိန်းပေါင်း (၁၃၅) သိန်းကိုလည်းကောင်း၊ 
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စု လျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ငွေကျပ် (၅၄) သိန်းနှင့် လူသုံးကုန်ပစ္စည်း (၂၂) မျိုးပါ Family Case (၂၇) ပုံးတို့ကိုလည်းကောင်း၊
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ(၁) ဦးလျှင် (၉,၀၀၀) ကျပ်နှုန်းဖြင့် လူဦးရေ ၉၈ ဦးအတွက် ထောက်ပံ့ငွေ (၈၈၂,၀၀၀) ကျပ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူသုံးကုန်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံပစ္စည်း၊ ပစ္စည်း(၂၂)မျိုးပါပုံး၊ မိုးကာတဲ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁-၂၀၂၄)

 

  • ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၂၇ စုအတွက် ငွေကျပ်သိန်းပေါင်း (၁၃၅) သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် () သိန်းနှုန်းဖြင့် ငွေကျပ် (၅၄) သိန်းနှင့် လူသုံးကုန်ပစ္စည်း (၂၂) မျိုးပါ Family Case (၂၇) ပုံး၊ ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ () ဦးလျှင် (,၀၀၀) ကျပ်နှုန်းဖြင့် လူဦးရေ ၉၈ ဦးအတွက် ထောက်ပံ့ငွေ (၈၈၂,၀၀၀) ကျပ်အား ထောက်ပံ့ခဲ့။
  • ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူသုံးကုန်ပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံပစ္စည်း၊ ပစ္စည်း (၂၂) မျိုးပါပုံး၊ မိုးကာတဲ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့။

Add new comment