ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော် င်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် သာသနိကအဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချ မဟာမင်္ဂလာအခမ်းအနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြ သည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြပါသည်။
ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင် သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းဆောင် ဘုရားခန်းမ၌ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးလေးပါးနှင့် ပြည်ပမှကြွရောက်တော်မူလာကြသည့် လာအိုနိုင်ငံသံဃရာဇာဆရာတော်ကြီး Most Ven. Bounma Simmaphom နှင့် အဖွဲ့တို့တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် လာအိုနှင့်မြန်မာ နှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ အရည်အချင်းပြည့်မီသော ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များကို ပရိယတ္တိပညာသင်ယူနိုင်ရေးအခြေအနေများအား မိန့်ကြားတော်မူခဲ့ ကြပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော်အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လာအို နိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက Most Ven. Bounma Simmaphom နှင့်အဖွဲ့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၇-၂၀၂၃)
- ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် သာသနိကအဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချ မဟာမင်္ဂလာအခမ်းအနားများ သို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့။
- ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင် ဘုရားခန်းမ၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးလေးပါးနှင့် ပြည်ပမှကြွရောက်တော်မူလာကြသည့် လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီးနှင့် အဖွဲ့တို့တွေ့ဆုံခဲ့။
Add new comment