ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုး ကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌

  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်း လုပ်ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊
  • ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော် ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု၊
  • ရုပ်ပွားတော်ကြီးထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေး ချိန်အများဆုံး ရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့ သည့်အခြေအနေများ၊
  • မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်အဆင့်တည်ဆောက်နိုင်ရေး ဆောင်ရွက် ခဲ့မှု၊
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့မှု၊
  • ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယ နာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိမှု၊
  • ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ခြင်း နှင့် Tablet များဖြင့်ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှု၊
  • ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားမှု၊
  • မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲမှု ရှိစေရေးစနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊
  • ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့်ဆင့်ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊
  • ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်း များတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊
  • မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့မှုနှင့် ကျည်းပင်များစိုက်ပျိုးထားရှိမှု၊
  • ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညိုနိုင်ရေး စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံ စေတီများတည်ထားမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု၊
  • ဆင်းတုတော်ကြီး၏ အပိုင်း(၁၊၂၊၃) တို့အားတွဲဆက်၍ ပင့်ထောင်ခြင်းလုပ်ငန်း နှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကရိယာများအသုံးပြုပြီး မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊
  • ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားများ ဆောင်ရွက်ခဲ့မှု၊
  • သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်နိုင်သော အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားမှု အခြေအနေများ၊
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆေးသင်္ကန်းကပ်လှူပူဇော်ခဲ့မှုနှင့် ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊
  • ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရးအတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက် တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာ များ အသုံးပြုတည်ဆောက်ခဲ့မှု၊
  • ရင်ပြင်တော်ကြီးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ထားရှိမှု၊
  • မဟာဗောဓိပင်စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင်နှင့် အင်ကြင်းတောစိုက်ပျိုး ဆောင်ရွက်လျက်ရှိမှု၊
  • ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေမှုနှင့် ဘုရား ကြီးတည်ဆောက်ပြီးစီးပါက တွေ့ရှိရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက် ခြင်းအတွက် ယနေ့တက်ရောက်လာကြသူများ၏ လှူဒါန်းမှုအနေဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ (ငွေကျပ် သန်း ၅,၀၀၀ ကျော်)၊ အမေရိကန်ဒေါ်လာ ၂၃,၀၀၀ နှင့် ထိုင်းဘတ်ငွေတစ်သိန်း တို့ဖြစ်ကြောင်း သိရှိရပါသည်။

အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြပြီး မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ထားရှိမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦများ ထည့်သွင်းတည်ဆောက်ထားရှိမှု၊ မုစလိန္ဒနဂါးရုံဘုရား နှင့် ကျောက်စာရုံစေတီတော်များ တည်ထားကိုးကွယ်ထားရှိမှုတို့နှင့်ပတ်သက်၍ တာ ဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် စိတ်ဝင်တစား လေ့လာဖူးမြော် ကြည် ညိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၃)

Add new comment