မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာ မော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်း

         ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနား များကို ဇူလိုင်လ ၂၈ ရက်တွင် သီးခြားစီကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ပါသည်။

အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်း အနား မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ ဗိမာန်တော် မော်ကွန်းကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ် နံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်အတွင်းရှိ နောင် တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဥဏ္ဏလုံမွေးရှင်တော်စီသွင်းပူဇော်ခြင်း မင်္ဂလာအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူ ဇော်ကြပါသည်။

ဆက်လက်၍ မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံ မွေးရှင်တော်မြတ် စီသွင်းပူဇော်ကာ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကြပါသည်။

ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ် ပူဇော်ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကြ ပါသည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၃)

 

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနား များကို ဇူလိုင်လ ၂၈ ရက်တွင် သီးခြားစီကျင်းပပြုလုပ်ခဲ့။
  • အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူ လှ၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့။

Add new comment