အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

         အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံ အဘူဒါဘီမြို့၌ ရောက်ရှိနေ သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၆ ရက်တွင် အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေး ဒုတိယနေ့နှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်  ISA Programmes and Green Grid Initiative- One Sun One World One Grid- (GGI-OSOWOG)  နေတစ်စင်း၊ ကမ္ဘာတစ်ခု ဓာတ်အား ကွန်ရက်တစ်ခုအတွက် အစိမ်းရောင်ဓာတ်အားလိုင်း မိတ်ဆက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းများ ဆောင်ရွက်ရန် အိမ်နီး ချင်းနိုင်ငံများနှင့် ဆောင်ရွက်နေမှုများ၊ ASEAN ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံး မြင်း ကောင်ရေ တစ်ကောင်မှ ၁၀၀ အင်အားရှိ ((1 HP မှ 100HP) Solar Pumpsများ ခင်းကျင်းပြသမှုကိုလေ့လာခဲ့ကြပြီး ဇူလိုင်လ ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည် ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၃)

 

  • အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းများ ဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆောင်ရွက်နေမှု များ၊ ASEAN BIMSTEC  အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့။

Add new comment