လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ဦး ဆောင်သောအဖွဲ့အား ဇူလိုင်လ ၂၈ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာအသစ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNOCHA ၏ Head of Office ဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက် တာဝန်ထမ်းဆောင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရေး အသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၃)
- တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာအသစ် လက်မှတ်ရေးထိုး နိုင်ရေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေရေး အသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
Add new comment