နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ် ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၂၆ ရက်တွင် လည်းကောင်း၊ စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ စီးပွားရေးလုပ်ငန်းအဖွဲ့အား ဇူလိုင်လ ၂၇ ရက်တွင်လည်းကောင်း လက်ခံတွေ့ဆုံခဲ့ပါသည်။
- တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် တဲဟုန်ပြည်နယ် မြို့တော်မန်စီနှင့် မန္တလေးခရီးစဉ်ကို Ruili Airline က တစ်ပတ်လေးကြိမ်ပြေးဆွဲ မှု၊ မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်- မန္တလေး- မန်စီ- မန္တလေး- ရန်ကုန် ခရီးစဉ်ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲမှုများအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေး၊ တရုတ်နိုင်ငံ၏ အမြန် ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက်ပြီးစီး မည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံ၏ ရထားလမ်း ကွန်ရက်နှင့်ချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့ စေရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက် ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေ ကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများပါဝင်သော စီးပွားရေးလုပ်ငန်းအဖွဲ့ အား တွေ့ဆုံရာတွင် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နယ်စပ်ဝင်/ထွက်ပေါက်များ တွင် လုပ်ငန်းများလွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များနှင့် အသီးအနှံများကို ကုန် တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံ၌လေယာဉ် မောင်းသင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီး အကဲများ၊ တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၃)
- တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံရာတွင် ၂၀၂၇ ခုနှစ် ၌ တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက် နှင့်ချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့။
- စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ စီးပွားရေးလုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံရာတွင် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များ နှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံ၌လေယာဉ် မောင်းသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment