ရခိုင်ပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၁၀၀ ကျော်ရှိသည့် အနက် ခရီးသွားပြည်သူများနှင့် မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြသူများ တည်းခိုနိုင်စေရန် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၇၀ ကျော် ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်တွေမြို့ရှိ ဟိုတယ်အချို့တွင် အမိုးလန်ခြင်း၊ အခန်းများပျက်စီးခြင်း စသည်ဖြင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း ကူညီကယ်ဆယ် ရေးဆောင်ရွက်သူများ၊ ငွေကြေးနှင့်ပစ္စည်းများ လာရောက်လှူဒါန်းသူများ၊ ပြန်လည် ထူထောင်ရေးအဖွဲ့အစည်းများ တည်းခိုနေထိုင်ရန် ဟိုတယ်ပိုင်ရှင်များက အမြန်ဆုံး ပြန်လည်ပြုပြင်ခဲ့သည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ် ရေးပစ္စည်းများ အသင့်ပြင်ဆင်စုဖွဲ့ထားရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၃)
- ရခိုင်ပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ခရီးသွားပြည်သူများနှင့် မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လာ ရောက်လုပ်ကိုင်ကြသူများ တည်းခိုနိုင်စေရန် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၇၀ ကျော် ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့။
Add new comment