ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး

          မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထွက်ခွာခဲ့ပါသည်။

ဇူလိုင်လ ၂၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံအစိုးရ၏ Unique Identification Authority of India (UIDAI) ရုံးချုပ်သို့ရောက်ရှိရာ အမှုဆောင် အရာရှိချုပ် Mr. Amit Agrawal နှင့် တာဝန်ရှိသူများက UIDAI ၏ ဖွဲ့စည်းတည်ထောင် ထားရှိမှု၊ Aadhaar စနစ် အောင်မြင်ရေးအတွက် လုပ်ငန်းအဆင့်အလိုက် ကြိုးပမ်းဆောင် ရွက်ခဲ့မှု၊ Aadhaar စနစ်ဖြင့်အစိုးရ၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများအား ထိရောက် သောဝန်ဆောင်မှုများပေးနေမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က e-ID စနစ်အောင်မြင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအပေါ် ထပ်မံဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ အမှုဆောင်အရာရှိချုပ်နှင့် လုပ်ငန်းတာဝန်ခံများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၃)

 

  • မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး။

Add new comment