ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အရှေ့တောင်အာရှ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

       ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့ရှိ St.Regis ဟိုတယ်၌ ကျင်းပသည့် အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန် ကြီးများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက သက်ဆိုင်ရာ နိုင်ငံအလိုက် အရှေ့တောင်အာရှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာများကို ဆွေးနွေးပြောကြားကြရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက-

  • မြန်မာနိုင်ငံတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းကာ ၅ နှစ် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းစိစစ်ရေး၊ ဆရာအရည်အသွေး မြင့်မားရေး၊ လက်ဦးဆရာမိဘများ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ လူမှုအသိုက်အဝန်း ပူးပေါင်းပါဝင်ရေးတို့ကို ဦးတည်ပံ့ပိုးလျက်ရှိကြောင်း။
  • အာဆီယံဒေသတွင်း နိုင်ငံအချင်းအချင်း အတွေ့အကြုံများ၊ အကြံဉာဏ်များ ဖလှယ်လျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အသွေးရှိသော ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်တွင် ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ပညာရေး၏ အရေးပါမှုကို ပိုမိုသိရှိသတိပြုမိစေရန်၊ ဒေသတွင်း ပြုပြင်ပြောင်းလဲရေး မူဝါဒများဆွေးနွေးရန်၊ ဒေသတွင်း အလေ့အကျင့်ကောင်းများ ဖလှယ်ရေးအတွက် ကွန်ရက်တစ်ခုတည်ထောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၇-၂၀၂၃)

 

  • ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းစိစစ်ရေး၊ ဆရာအရည်အသွေး မြင့်မားရေး၊ လက်ဦးဆရာမိဘများ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ လူမှုအသိုက်အဝန်း ပူးပေါင်းပါဝင်ရေးတို့ကို ဦးတည်ပံ့ပိုးလျက်ရှိ။
  • အာဆီယံဒေသတွင်း နိုင်ငံအချင်းအချင်း အတွေ့အကြုံများ၊ အကြံဉာဏ်များ ဖလှယ်လျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူ ငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အနာဂတ်တွင် ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်။

Add new comment