ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် အာဆီယံအဆင့်မြင့်ပညာရေး ညီလာခံ Webinar တွင် မိန့်ခွန်းပြောကြား

         ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဇူလိုင်လ ၂၆ ရက်၌ အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး ဌာနက ဦးဆောင်ကျင်းပသော ၂၀၂၃ ခုနှစ် အာဆီယံအဆင့်မြင့်ပညာရေးညီလာခံ Webinar တွင် နည်းပညာအခြေပြု ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍ ၅.၀ တွင် ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် အွန်လိုင်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင်-

  • ကမ္ဘာ့ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှ သယ်ယူပို့ ဆောင်လျက်ရှိပြီး ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိကြောင်း။
  • အစိုးရအနေဖြင့် ပညာသင်ကျောင်းများနှင့် လုပ်ငန်းအကြား ကွာဟမှုကို ဆက်စပ် ပေးနိုင်ခြင်း၊ ရန်ပုံငွေပံ့ပိုးပေးနိုင်ခြင်း၊ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ချမှတ် ပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့် လုပ်ငန်းများချိတ်ဆက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲစေနိုင်ခြင်းနှင့် နည်းပညာ၊ သက်မွေးပညာရေးကို တိုးတက်အောင် ပံ့ပိုး ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အသေးစိတ်ရှင်းလင်းခဲ့။

အဆိုပါ Webinar သို့ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ဦးရေ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် အာဆီယံအဆင့်မြင့်ပညာရေးညီလာခံ Webinar ၌ နည်းပညာအခြေပြု ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍ ၅.၀ တွင် ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့။
  • ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိ။

Add new comment