စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၇ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

            တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏ သားဖြစ်သူအပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့အား ဇူလိုင် ၂၀ ရက်တွင် PDF အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းနှင့် ဇူလိုင် လ ၂၂ ရက်တွင် အဆိုပါကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ လာရောက်သင်ကြား ပို့ချပေးနေသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းတို့အပေါ် အဖွဲ့အစည်း ၁၇ ခုမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်။

  • ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို) အသင်းကြီးနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်တို့က PDF အကြမ်းဖက်သမားများက ငါနဲ့မတူ ငါ့ရန်သူဟု သတ်မှတ်၍  စစ်ရေးနှင့်မသက်ဆိုင်သော နိုင်ငံ့ဝန်ထမ်းများ ကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းသည် လူသားမဆန် သောလုပ်ရပ်များဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက် ရှုံ့ချပါကြောင်း သဘောထားထုတ်ပြန်ခဲ့။
  • ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ သနန္တဓမပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စ လာမ်ဘာသာရေးအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်တို့က အဆိုပါအကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်နေသည့် NUG ၊ PDF အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ခဲ့။
  • မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အကြမ်းဖက်သမားများသည် ဆင်ခြင် တုံတရားကင်းမဲ့စွာဖြင့် တိုင်းပြည်အနာဂတ်အတွက် အရေးပါသော ပညာရေး စနစ်ကို ယိုင်နဲ့ပြိုကျပျက်စီးစေရန် ရည်ရွယ်ဆောင်ရွက်နေသည့် အကြမ်းဖက် လုပ်ရပ်များကို လုံးဝ (လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့် ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ခဲ့။
  • မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းတို့က နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများကို ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ၎င်း တို့အား အားပေးထောက်ခံခြင်း မရှိသူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ် ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ခဲ့။

NUG ၊ CRPH၊ NLD လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ စာသင် ကျောင်းများအားသိမ်းပိုက်ပြီး ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများတူး၍ အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခြင်း၊ ဆရာ၊ ဆရာမများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး ပညာမဲ့သူများဖြစ်စေရေး ယုတ်မာစွာဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၃)

 

  • စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၇ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှုအား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့အစည်း ၁၇ ခုမှ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ  ထုတ်ပြန်ခဲ့။

Add new comment