အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံရှိ သံမဏိ၊ ဆေးဝါးနှင့် အထည်အလိပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။
- ဇန်နဝါရီ ၁၇ ရက်တွင် ကိုလ်းကတ္တားမြို့ရှိ Duragapur သံမဏိစက်ရုံ၌ Liquid Steel ထုတ်လုပ်ပေးနေသည့် Blast Furnaces ၊ Liquid Steel များကို Converter မှတစ်ဆင့် စတုရန်းပုံ Steel Billet နှင့် စတုဂံပုံ Bloom ထုတ်လုပ်နေမှု၊ မီးရထားသံဘီးများနှင့် အခြားဘီးများ ထုတ်လုပ်နေမှု၊ Section Mill တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး Steel Structural များ ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့။
- ဇန်နဝါရီလ ၁၈ ရက်တွင် ကိုလ်းကတ္တားမြို့၌ ဘန်ဂေါပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးဝါးကုသမှုလုပ်ငန်းများ အကျိုးတူဆောင်ရွက်ရေး၊ ဆိုလာတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပညာတော်သင်စေလွှတ်ရေး၊ အလိုအလျောက် ထိန်းချုပ်မောင်းနှင်ရေး စနစ်များကို ပြုပြင်ထိန်းသိမ်းမည့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အကူအညီပေးရေး စသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ဇန်နဝါရီလ ၁၉ ရက်တွင် အမီဒါဘတ်မြို့ရှိ Intas Pharmacetutials Ltd,. စက်ရုံအတွင်း၌ ဆေးဝါးများထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်တို့ကို လေ့လာကြည့်ရှုခဲ့ပြီး ဂူဂျာရတ်ပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့။
- ဇန်နဝါရီလ ၂၀ ရက်တွင် ဂူဂျာရတ်ပြည်နယ်ရှိ Arvind အထည်အလိပ်စက်ရုံ၌ အထည်အလိပ်များထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘတ်မြို့မှ ပြန်လည်ထွက်ခွာလာရာ ဇန်နဝါရီလ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁ -၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံရှိ သံမဏိ၊ ဆေးဝါးနှင့် အထည်အလိပ်စက်ရုံများ ကြည့်ရှုလေ့လာခဲ့ပြီး ဘန်ဂေါပြည်နယ်နှင့် ဂူဂျာရတ်ပြည်နယ်တို့ရှိ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းခဲ့။
Add new comment