တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆားလင်းကြီးမြို့နယ်၊ ဂန့်ဂေါ မြို့နှင့် ဖြူးမြို့နယ်တို့တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအတုများဖြစ်ပြီး အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် PDF အကြမ်းဖက်သမားများက လက်နက် အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်၍ ငွေနှင့်ပစ္စည်းများ လုယက်ယူဆောင်ခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Delta News Agency မှ တင်ထားသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် စစ်သင်တန်းတက်ခိုင်းသဖြင့် ရာအိမ်မှူးအချို့ နုတ်ထွက်စာတင်နေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းမြို့နယ် အချို့တွင် စစ်သင်တန်းပေးခြင်းများနှင့် ရာအိမ်မှူးများ နုတ်ထွက်စာတင်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၄)

 

  • ဆားလင်းကြီးမြို့နယ်၊ ဂန့်ဂေါမြိုနှင့် ဖြူးမြို့နယ်တို့တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအတုများဖြစ်။
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် စစ်သင်တန်းတက်ခိုင်းသဖြင့် ရာအိမ်မှူးအချို့ နုတ်ထွက်စာတင်နေဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်။

Add new comment