အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အဦများအပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများအား Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်လျက်ရှိပါသည်။
TNLA သောင်းကျန်းသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဇန်နဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး အဆိုပါစေတီတော် အတွင်း ဌာပနာထားသည့် ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ပါသည်။
အဆိုပါစေတီတော်အား ရှေးယခင်က ပလောင်တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူ စဝ်ခွန်ပန်းစိန် တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီး တော်တင်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ ကြပါသည်။
TNLA သောင်းကျန်းသူများက ယခုကဲ့သို့ ဘုရားစေတီအား ဖျက်ဆီးခဲ့ခြင်းသည် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ မိုက်ရိုင်းစော်ကားခြင်းဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအနေဖြင့် လုံးဝလက်မခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၄)
- TNLA သောင်းကျန်းသူများသည် နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး အဆိုပါစေတီတော်အတွင်း ဌာပနာထားသည့် ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့။
- TNLA သောင်းကျန်းသူများက ယခုကဲ့သို့ ဘုရားစေတီအား ဖျက်ဆီးခဲ့ခြင်းသည် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ မိုက်ရိုင်းစော်ကားခြင်းဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအနေဖြင့် လုံးဝလက်မခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိ။
Add new comment